ခမောက်ကြီး ဒီဇင်ဘာလ ၈
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြသထားရှိခဲ့ပါသည်။
အဆိုပါ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြဘုတ်တွင် မြန်မာ့လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈၊ ဇန်နဝါရီလ (၄) ရက်နေ့၌ အလံတော်တင်အခမ်းအနား ပြုလုပ်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများနှင့် ၂၀၂၂ ခုနှစ်အတွင်း ပြုလုပ်ဆောင်ရွက်ခဲ့သည့် လွတ်လပ်ရေးနေ့ ဆိုင်ရာလှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများ စသည်တို့ပါဝင်ခဲ့သည်။
ထိုကဲ့သို့ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှ ဝန်ထမ်းများက ကျောင်းသား/သူများ မိမိတို့နိုင်ငံ၏ အထင်ကရနေ့ထူးနေ့မြတ်များကို အစဉ်အမှတ်ရစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် မျှော်တွေး၍ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး)