ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအထောက်အကူပြုစေရန်အတွက် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးမှု ယနေ့အထိ စုစုပေါင်း ၃၈၄၂.၅ ဧက စိုက်ပျိုးပြီးစီး

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံရေး အထောက် အကူဖြစ်စေရန်အတွက်၊ ဆီထွက်သီးနှံဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိရာ တစ်မြို့နယ်လုံး စိုက်ဧက (၁၂၃၄၇) ဧကလျာထားသည့်အနက်၊ ယနေ့အချိန်ထိ ပုံမှန်စိုက်ပျိုးသည့် ဒေသများမှ (၂၉၂၅) ဧက စိုက်ပျိုးပြီးစီးကြောင်းနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စမ်းသပ်စိုက်ပျိုးသည့် ကျေးရွာများမှ (၉၁၇.၅) ဧက စိုက်ပျိုးထားရှိရာ၊ စုစုပေါင်း (၃၈၄၂.၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ကျွန်မတို့မြို့နယ်မှာက နှစ်စဉ်ပုံမှန်ဆိုရင် ဆောင်းနေကြာစိုက်ပျိုးမှုများပါတယ် ဒီနှစ်က လျာထားဧက ၁၂၃၄၇ ဧကဆိုပေမဲ့ အခုထိတော့ ၂၉၂၅ ဧကပဲစိုက်နိုင်သေးတာတွေ့ရပါတယ်…။ အဲသလိုဖြစ်တာ ကလည်း မိုးသီးနှံရိတ်သိမ်းချိန် နိုဝင်လဘာလဆန်းကစပြီး ဒီဇင်ဘာ (၇) ရက်နေ့အထိ ဒီနေ့အထိပေါ့ မိုးရွာသွန်းမှုမရှိတာကြောင့် နေကြာစိုက်ပျိုးဖို့ အစိုဓာတ် လုံလောက်ခြင်းမရှိတဲ့အတွက် စိုက်ဧက လျော့နည်းသွားတာဖြစ်ပါတယ်…ဒါပေမဲ့ စိုက်ပျိုးရာသီကုန်အထိဆိုရင်တော့ စိုက်ဧက ၆၅၀၀ ဧက လောက် တက်လာမယ်လို့ ထင်ပါတယ်…။ အခုကတော့ ပုံမှန်စိုက်ကရယ်... မြစိမ်းရောင်ပံ့ပိုးမှုစိုက်ဧက နဲ့ဆိုတော့ စုစုပေါင်း ၃၈၄၂.၅ ဧကတော့ စိုက်ပျိုးထားရှိပြီးဖြစ်ပါတယ်…အားလုံးလည်း အောင်မြင်ကြ ပါတယ်…” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ပြောပါသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စားသုံးဆီဖူလုံရေး အထောက်အကူ ပြုစေရန်အတွက်၊ လိုအပ်သည့်မျိုးနှင့် နည်းပညာများကို ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရပြီး၊ တစ်မြို့နယ် လုံးတွင် ပုံမှန်ဆောင်းနေကြာ စိုက်ပျိုးမှုကို စိုက်ဧက ၁၂၃၄၇ ဧက လျာထားကြောင်းနှင့် ယနေ့အချိန်အထိ ၂၉၂၅ ဧက စိုက်ပျိုးပြီးစီးကြောင်းသိရပြီး ၉၄၂၂ ဧက စိုက်ပျိုးရန်ကျန်ရှိကြောင်း သိရသည်။ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) အစီအစဉ်ဖြင့် ယခုနှစ်တွင် ကျေးရွာ (၅) ရွာ စတင်ဆောင်ရွက်လျက်ရာ၊ အဆိုပါကျေးရွာများမှ ၉၁၇.၅ ဧက စမ်းသပ်စိုက်ပျိုးလျက် ရှိကြောင်းသိရပြီး ပုံမှန်စိုက်ဧကနှင့် မြစိမ်းရောင်စီမံကိန်း စိုက်ဧက နှစ်မျိုးပေါင်းပါက စုစုပေါင်း ၃၈၄၂.၅ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းသိရပြီး ဆောင်းနေကြာသီးနှံများအားလုံး လက်ရှိအချိန်ထိ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)