အမ်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

အမ်း ဒီဇင်ဘာလ ၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၃) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်‌ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများအား  ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက ကလေး အလုပ်သမားများတွင် အလုပ်လုပ်သောကလေးနှင့် ကလေးလုပ်သားဟူ၍ (၂) မျိုးရှိကြောင်း၊ ကလေးအလုပ်သမားများ အသက် (၅) နှစ်မှ (၁၄) နှစ်၊ (၁၆) နှစ်နှင့် (၁၈) နှစ်အောက်ရှိပြီး အကျိုးအမြတ်အတွက် လုပ်ကိုင်ရခြင်းအကြောင်းအရင်းများအား ရှင်းလင်းကာ၊ အန္တရာယ်ရှိသော အလုပ်ကို ကလေးသူငယ်များအား လုပ်ကိုင်ခိုင်းလျှင် ထိခိုက်နစ်နာနိုင်မှုအခြေအနေများ၊ ကလေး လုပ်သား စစ်တမ်းကောက်ယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ကလေးအလုပ်သမားများ အတွက် အချက်အလက်ရေးသွင်းခြင်းနှင့် စိစစ်ခြင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

စိုးမင်းထွန်း (ပြန်/ဆက်)