အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2022
ရှမ်းအညာမြေ(ခေါ်)လင်းခေးမြို့တွင် ယနေ့သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါတော်နေ့၌ ဘုရားသွားကျောင်းတက် သီလဥပုသ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။             
Oct 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေသာလျောင်းဘုရား ဆင်လှူပွဲတော်အား ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်နေ့၊၂၀၂၂ ခုနှစ်၊ ယနေ့နံနက် (၅) နာရီမှ စတင်ကာစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 09,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ပရဟိတရွှေပန်းထိမ်လူငယ်အဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါကျွတ်လပြည့်နေ့ မိုးလင်းအရုဏ် (၅) နာရီအချိန်တွင် ပေါက်တောမြို့နယ်လုံးဆိုင်ရာ ပိဏ္ဍပါတံဆွမ်းတော်ကြီးလောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Oct 09,2022
ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ် နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိသော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၄ နာရီခွဲ အချိန် ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ကျင်းပသည်။
Oct 09,2022
၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာနေ့)တွင်  ဘုရားပုထိုးစေတီများ၌ ဘုရားဖူး ပြည်သူများ ဖြင့် စည်ကားလျက်ရှိရာ မကွေးမြို့၊ မြသလွန်ဘုရားတွင် ယနေ့နံနက်ပိုင်းတွင် ဘုရားဖူးလာ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ ဥပုဒ်သီလ ဆောက်တည်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
Oct 09,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ နဂါးပွက်တောင်ဈေးဆိုင်တန်းမှ ဈေးသည်များမှာ ရွှေစက်တော် ဘုရားပွဲတော်ရာတွင်‌ ဈေးရောင်းကောင်းနိုင်ဖို့ မျှော်လင့်ကြောင်း  ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချသူဈေးသည်များထံမှ သိရသည်။
Oct 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်တွင် သီတင်းကျွတ် ပွဲတော်ကာလ လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အကြိုညပိုင်းက ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ အေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက်ရှိ အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရားတွင် သီတင်းကျွတ်လဆန်း (၁၄)ရက်ရက်နေ့ ယမန်နေ့ ညနေပိုင်းမှစတင်ပြီး ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။