သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာနေ့)တွင် မကွေးမြို့ မြသလွန်ဘုရား၌ ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိ

မကွေး အောက်တိုဘာ ၉

၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာနေ့)တွင်  ဘုရားပုထိုးစေတီများ၌ ဘုရားဖူး ပြည်သူများ ဖြင့် စည်ကားလျက်ရှိရာ မကွေးမြို့၊ မြသလွန်ဘုရားတွင် ယနေ့နံနက်ပိုင်းတွင် ဘုရားဖူးလာ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ ဥပုဒ်သီလ ဆောက်တည်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားသော နေ့ထူးနေ့မြတ် ဖြစ်သောကြောင့် မြသလွန် ဘုရားကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ပန်းများ ကပ်လှူပူဇော်ခြင်း၊ ကုသိုလ်ဒါနပြု ကောင်းမှုပြုလုပ်သူများနှင့် သီလဆောက်တည် သူများဖြင့် အထူးစည်ကားလျက် ရှိကြောင်း သိရသည်။

ကိုစည်သူ (မကွေး)