အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးလာပြည်သူများ၊ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိပြီ
Oct 09,2022
၁၃၈၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် သီတင်းကျွတ် လပြည့်နေ့သည်  (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာဝင်ပြည်သူများသည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍
Oct 09,2022
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာနေ့တွင် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်ဆုတောင်းပြည့်တန်ခိုးကြီးဘုရားဖြစ်သော ပေါ်တော်မူကံ့ကော်တောဘုရား၌ ဥပုဒ်သီလဆောက်တည်ရန် လာရောက်ကြသူများ၊ ဘုရားဖူးလာရောက်ကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
Oct 09,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စည်ပေါက်ကန်ကျေးရွာအနီးတွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင်မြစည်းခုံဘုရားပွဲကို၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့၊ ယနေ့တွင် အနီးဝန်း ကျင်ကျေးရွာများမှ မိရိုးဖလာ မိသားစုဘုရားအဖြစ် ဘုရားဆွမ်းချသူများ၊ မြို့ပေါ်မှ ဘုရားဖူးလာပြည်သူများ၊ ကျေးရွာအလိုက် တံခွန်သွင်းအဖွဲ့များ၊နယ်လှည့်ဈေးသည်များဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 09,2022
မိတ္ထီလာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိတ္ထီလာကန်လယ်တွင် တည်ထားကိုးကွယ်သော ဆုတောင်းမိုးကောင်းအန္တကူရေလယ်စေတီတော်တံတားပေါ်တွင် ကန်ရေကျော်တက်ရောက်ရှိ၍ ယနေ့နံနက်ပိုင်းအချိန်က စတင်ပြီး တံတားပေါ်မှဖြတ်သန်းဖူးမြော်ခွင့် ယာယီပိတ်ထားကြောင်း သိရသည်။
Oct 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ သီတင်းကျွတ်ကာလတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားလျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် ယနေ့တွင် ချောင်းသာကမ်းခြေ တစ်လျှောက်တွင်အပမ်းဖြေသူ၊ ရေကစားသူများဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
Oct 09,2022
မိတ္ထီလာ၌  မြို့ပေါ်ရှိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များထံသို့ ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများမှလှူဒါန်းသော ဆွမ်းဆန်နှင့် ဆီများဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ယနေ့နံနက်  ၈ နာရီအချိန် က မြို့မရပ်ကွက် သာသနာ့ဗိမာန်တွင် ကျင်းပကြောင်း သိရသည်။
Oct 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)ယနေ့၊ နံနက်ပိုင်း၌ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။