အမြို့မြို့အနယ်နယ်သတင်းများ

Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်/ဆီ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လှည်းဆိပ်ကျေးရွာတွင် အခြေခံစားသောက်ကုန်များအား ပြည်သူများသို့ သက်သာ သော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ရိုက်ကျေးရွာအုပ်စု၊ ရိုက်ကျေးရွာ ကွင်းအမှတ် ၄၇၆၊ ဦးပိုင်အမှတ် ၅၅/၃ တောင်သူဦးဇော်ဝင်း၏ လယ်မြေ (၈) ဧကတွင် မိုးစပါးမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်း အခမ်းအနားကို ယနေ့နံနက်ကကျင်းပသည်။
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ဆူးပတောင်းကွင်းကျေးရွာ၌ ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းစိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်ကျေးရွာ၌ ပြုလုပ်သော "လင်းလက်နေခြည်" စာကြည့်တိုက်သစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ခြောက်ကောင်ကျေးရွာတွင် ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 12,2025
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ထူးချွန်စွာ စာဖြေအောင်မြင်တော်မူကြသော သာသနာ့အာဇာနည် ရဟန်း၊ သာမဏေအရှင်သူမြတ်များအား ဆုချီးမြှင့်ပူဇော်မည့် (၃၉)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ လေးမျက်နှာစေတီတော်ရင်ပြင် မဟာသန္တာဝါသဓမ္မဗိမ္မာန်တော်၌ ကျင်းပခဲ့သည်။
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇း၀၀)နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇) လမ်းထောင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။