အမြို့မြို့အနယ်နယ်သတင်းများ

Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအ‌ခြေပြုဗဟိုဌာန၌ လူငယ်များညာဏ်ရည်၊ ညာဏ်သွေးထက်မြက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲများကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပူးပေါင်းပြုလုပ်သည့် မြင်းကောင်ရေ ၂၀ ထက်မပိုသော စက်တပ်ရေယာဥ် သမ္ဗန်ငယ်များ မိုးကြိုကာလ ရေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲနှင့် စက်တပ်ရေယာဥ်ငယ် မောင်းနှင်ခွင့်သင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Jun 12,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊ အမျိုးမီးဘော်လီဘော ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၈) နာရီအချိန်က တောင်ကြီးမြို့ ပြည်နယ်အားကစား လေ့ကျင့်ရုံ၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ သင်သားတန်း၊ သင်တန်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကာသိပ္ပံ(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ဆေးရုံသစ်လမ်းရှိ ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်၊ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ဇွန်လ ၆ ရက်နေ့က အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 12,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ ညနေ(၄)နာရီက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် ဂနိုင်ကန်လမ်းဆုံအနီး ရေမြောင်းနှင့်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖြစ်သည့် ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ရိုးစီရေမြောင်းလုပ်ငန်းများ၊ ပလက်ဖောင်းပြုပြင်ဆောင်ရွက်နေမှုနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရန် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ အမှိုက်ကန်များလည်း ဆောင်ရွက်ထားရှိပေးရန်လိုအပ်သည်ဟု မှာကြားခဲ့ကြောင်း သိရသည်။
Jun 12,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။