အမြို့မြို့အနယ်နယ်သတင်းများ

Oct 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အဆိုပါကျောင်း၏ နှင်းဆီဆောင်ခန်းမတွင် ယနေ့နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 28,2022
ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဆောင်းရာသီ ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Oct 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းကို ယနေ့နံနက် (၉)နာရီက သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Oct 28,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်သည်။
Oct 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မိုးသီးနှံ ယာစပါး ယှဉ်ပြိုင် စမ်းသပ်ကွက်များ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မိုက်ဟိုင်း ကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာ၌ စိုက်ပျိုးထားသော ယာစပါးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း၊ မင်္ဂလာဒုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက်  မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ ဥက္ကဋ္ဌဦးကောင်းညွန့်နှင့်အဖွဲ့ဝင်များက ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Oct 28,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည်အုပ်စုအလိုက် ရဟန်းရှင်လူပြည်သူများ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများနှင့် အသက် ၅ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသားကျောင်းသူများကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့စည်ပင်သာယာခန်းမ၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Oct 28,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။