မိုးနဲမြို့နယ်၌ မိုးသီးနှံ ယာစပါးယှဉ်ပြိုင်စမ်းသပ်ကွက်များ  စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

မိုးနဲ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မိုးသီးနှံ ယာစပါး ယှဉ်ပြိုင် စမ်းသပ်ကွက်များ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မိုက်ဟိုင်း ကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာ၌ စိုက်ပျိုးထားသော ယာစပါးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယှဉ်ပြိုင်စမ်းသပ်ကွက်များတွင် ယာစပါးမျိုးများအဖြစ် မုဆိုးမကြွေးကြေ၊ တာပဲဂူ၊ ခေါက်ဖီပန်း(စံထားမျိုး)၊ IR-82635-B-B-75-2 ၊Yn-3230-26-B-4၊ Tp-30454 စသည့် ယာစပါးမျိုး ၆ မျိုးကို (၆ ဒသမ ၆) စံကွက်ရိတ်သိမ်းခဲ့ရာ IR-82635-B-B-75-2 ယာစပါးမျိုးမှာ တစ်ဧကအစိုတင်း ၆၂ ဒသမ ၄၈ ထွက်ရှိသဖြင့် စမ်းသပ်စိုက်ကွက်တွင် ထွက်နှုန်း အကောင်းဆုံးမျိုးဖြစ်ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးနှင့် ကွင်းတာဝန် ခံများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ယခုနှစ်မိုးသီးနှံ ယာစပါးကို မြို့နယ်အတွင်း ၁၃၆၉ ဧကစိုက်ပျိုး ထားရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)