အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2022
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  အများပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာမှု ရှိစေရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အများပြည်သူသွားလာရာနေရာများ၊ လူစည်ကားရာနေရာများ၊ မြို့အဝင်၊ အထွက်စစ်ဆေးရေးဂိတ်နှင့် ဈေးများအတွင်း အသိပညာပေးခြင်းများ၊ နှာခေါင်းစည်း(Mask)အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်ဒေသ/မြို့နယ်အဆင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်(၀၇:၀၀)နာရီအချိန် လဟယ်မြို့ ကျောင်းဝန်းသန့်ရှင်းသာယာလှပစေရန် ရည်ရွယ်ပြီး အထက ကျောင်းဝန်းတွင် စုပေါင်းသန့်ရှင်းဆောင်ရွင်ခဲ့ကြသည်။
Nov 26,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်ပြည်သူ့ဆေးရုံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆေးရုံသုံးပစ္စည်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်အဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 26,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဓာတ်ပေါင်းစုစေတီတော် ပရဝုဏ်၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Nov 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
Nov 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ လိန်းလီတံတားအနီး ပေါင်းလောင်းချောင်း သဘာဝရေပြင်တွင် ယမန်နေ့မွန်းလွဲပိုင်းက ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။