အမ်းမြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဓာတ်ပေါင်းစုစေတီတော် ပရဝုဏ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

အမ်း  နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဓာတ်ပေါင်းစုစေတီတော် ပရဝုဏ်၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

မြို့အင်္ဂါရပ်များနှင့်အညီ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မ တော်သားများ၊ ခရိုင်/မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊  ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်သေခံပြည်သူများ စုပေါင်း၍  ပေါင်းမြစ်ပင်များ၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းကြပြီး မြို့ နယ်စည်ပင်သာယာ ရေးပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာတွင် စနစ်တကျစွန့်ပစ်ခဲ့ကြောင်းသိရသည်။

စိုးမင်းထွန်း