ပလောက်မြို့တွင် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းဆောင်ရွက်

ပလောက်  နိုဝင်ဘာ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်၏အစီအစဉ်ဖြင့် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်၊ ပြည်သူ့ဆေးရုံအရှေ့၊ ဗဟိုလမ်းတွင် ပလောက်တပ်နယ်မှ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံစားကုန်များ ရောင်းချပေးရာတွင် ကြက်သား(၁)ပိဿာ (၇၀၀၀)၊ ဝက်သား (၁) ပိဿာ(၈၀၀၀)၊ကြက်ဥ (၆)လုံး (၁၀၀၀)၊ နွားနို့(၁)ဘူး(၁၀၀၀) ၊ ကန်စွန်းရွက် တစ်စည်း (၁၀၀) နှုန်းဖြင့် နံနက် (၇) နာရီအချိန်ကစတင်၍   ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူ များမှာ ဝမ်းမြောက်လျက်ရှိကြောင်းသိရသည်။

ထို့သို့ရောင်းချပေးရာတွင် ပလောက်မြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့်ဝန်ထမ်းများမှ ကူညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)