ဘူးသီးတောင်မြို့ မြို့နယ်လျှပ်စစ်ရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေး

ဘူးသီးတောင် နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ (၃) နာရီခွဲအချိန်က ဘူးသီးတောင်မြို့ မြို့နယ်လျှပ်စစ်ရုံး၌ လျှပ်စစ်ဝန်ထမ်းများအား မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်က မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက လျှပ်စစ်ဝန်ထမ်းများအား မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု တတ်စေရေး သရုပ်ပြလေ့ကျင့်ပေးခြင်း၊ မီးသတ်ယာဉ်/ စက်အသုံးပြု၍ သရုပ်ပြလေ့ကျင့်ပေးခြင်းများ ပြုလုပ်ပြီး မြို့နယ်လျှပ်စစ်မှူး ရုံးခန်းများအတွင်း မီးဘေးလုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ် သွယ်တန်းမှု စနစ်တကျ ရှိ/မရှိ စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျ ပြင်ဆင် ထားရှိမှု (လေပေါင်) ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)