အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး ကျန်းမာရေး စီးပွားရေး လူမှုရေးနှင့် အခြားသော အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများစာဖတ်ရှိန် မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်ကာ မိသားစု ဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး ထိုသို့ မွေးမြူလုပ်ကိုင်ရာ၌ ကျွဲ၊ နွား တိရစ္ဆာန်အတွက် အဓိကလိုအပ်သော တိရစ္ဆာန်အစာ ဖူလုံစေရန် နေဗီယာမြက်စိုက်ပျိုးခြင်းကို အားထားလုပ်ကိုင်ကြကြောင်း သိရသည်။
Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အ.ထ.ကကျောင်းတွင် ပညာသင်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် အဆိုပါ အထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမတွင် စတင်းထိုးနှံပေးလျက် ရှိပါသည်။
Nov 23,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍  ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီက ပဲခူးမြို့နယ်၊   အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အင်းဝင်ရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ထူးချွန်ထက်မြက်သော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၂- ၂၀၂၃ခု နှစ်ပညာသင်နှစ် Grade-5 အတန်းမှ Grade-9 အတန်းအထိ အင်္ဂလိပ်ဘာသာရပ်နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍
Nov 23,2022
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် လူရည်ချွန်အတွက် အင်္ဂလိပ်ဘာသာနှင့် သင်္ချာဘာသာစာမေးပွဲဖြေဆိုနေမှုအား ယမန်နေ့နံနက်(၉) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ကျင်းပကြောင်းသိရသည်။
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ်(၁၂)ရပ်ကွက်၊ အထက-၁ ကျောင်းတွင်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ အသက်(၁၀)အထက်ကျောင်းသား၊ ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီး မှူးရုံးမှမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်" လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာလ(၂၃)ရက်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့အမှတ်(၁၂)ရပ်ကွက်၊ အထက-၁ကျောင်းခန်းမ၌ပြုလုပ်ပေးခဲ့ကြသည်။