သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် အင်္ဂလိပ်ဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ

သပိတ်ကျင်း နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ထူးချွန်ထက်မြက်သော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၂- ၂၀၂၃ခု နှစ်ပညာသင်နှစ် Grade-5 အတန်းမှ Grade-9 အတန်းအထိ အင်္ဂလိပ်ဘာသာရပ်နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲတွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အင်္ဂလိပ်စာဘာသာရပ်တွင် Grade-5 မှGrade9အထိ ကျောင်းသား / ကျောင်းသူ ( ၃၆) ဦး၊ သင်္ချာဘာသာတွင် Grade-5မှGrade-9 အထိ ကျောင်းသား/ကျောင်းသူ (၄၁)ဦး စုစုပေါင်း(၇၇)ဦး ဖြေဆိုခဲ့ကြကာ နှုတ်စွမ်းရည်​ဖြေဆိုခြင်းများလည်း ပါဝင်ဖြေဆိုရမည်ဖြစ်သည်။

၎င်းဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ ကျောင်းသား/ ကျောင်းသူများကို မြို့နယ်ကိုယ်စားပြုအဖြစ် တိုင်းဒေသကြီးအဆင့်တွင် ဆက်လက်ဖြေဆို သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်( ပြန်/ဆက်)