အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဆက်လက်ရောင်းချပေးလျက်ရှိရာ ယမန်နေ့မနက် (၈:၃၀)အချိန်က စက်မှုလက်မှုရပ်ကွက်၊ သုခကာရီဓမ္မာရုံစုရပ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့်
Nov 29,2022
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အချိန်စေ့လွန်ကြွေးကျန်များကောက်ခံရေး၊ ချေးငွေထုတ်ချေးရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ (၁/၂၀၂၂)အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်  ကြိုဆိုပွဲကို ယမန်နေ့ နံနက်ပိုင်းက  တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်  ကျင်းပသည်။
Nov 29,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့ကျက်သရေဆောင်စေတီတောင်ဘုရားအား ဂေါပကအဖွဲ့စည်းမျဉ်းရေးဆွဲအတည်ပြုခြင်းအခမ်းအနားကို စေတီတောင်ဘုရားဓမ္မာရုံအတွင်း ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၊ ဩဝါဒစရိယဆရာတော်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ရပ်မိ/ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတက်ရောက်ကြသည်။
Nov 29,2022
မွန်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က(ရွှေကျင်) အခြေခံပညာအထက်တန်းကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကို  ယမန်နေ့ နံနက် ၉ နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။