အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2023
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အကောင်အထည်ဖော်နိုင်ရန်နှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ပျိုးပင်ပေါင်း (၇၀၀၀၀) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
Apr 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ ကိုယ်ဝန်ဆောင်များနှင့် ဆယ်ကျော်သက် အမျိုးသမီးများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အာဟာရပြည့်ဝသော ချက်ပြုတ်နည်းများ သရုပ်ပြသခြင်းကို ဧပြီ ၅ ရက် နံနက် ၉ နာရီခွဲက အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က  မြို့နယ်စည်ပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှ အသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်း‌ငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ‌ ဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
Apr 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ‌နမ့်မော်ဆွမ့်ကျေးရွာနေ တောင်သူ ဦးစောလုံ၏ ယာခင်း၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဖရုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
Apr 05,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှု၀န်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက မောရ၀တီရေတပ်စခန်းဌာနချုပ် အမှတ်(၄၆)စစ်ရေယာဉ်စု၊ အကူရေယာဉ်အုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။