မော်လမြိုင်မြို့တွင် လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မော်လမြိုင် ဧပြီ ၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှု၀န်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက မောရ၀တီရေတပ်စခန်းဌာနချုပ် အမှတ်(၄၆)စစ်ရေယာဉ်စု၊ အကူရေယာဉ်အုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လူမှု၀န်ထမ်းဦးစီးဌာန လူမှု၀န်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်၀င်း၀င်းမာက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊  မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူငယ်များအနေဖြင့် မူးယစ်ဆေး၏ဆိုးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများနှင့်မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များ၊ မူးယစ်ဆေးစွဲသူများ၏ လက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲရောဂါများစသည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲအားပြသထားရာ လူငယ်လေးများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်