အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း    အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်း ပပြုလုပ်ခဲ့သည်။ 
Jun 20,2023
၂၀၂၃ ခုနှစ် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မကွေးခရိုင် အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အားကစား ဝါသနာရှင်လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။
Jun 20,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Jun 20,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊​ ကျောက်တော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နေ့လယ် ၁ နာရီအချိန်ကလူငယ်နှင့်နည်းပညာ အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။
Jun 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူပြည်သူများ မိမိတို့ရရှိမည့် အခွင့်အရေးများကို သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နေ့လည် (၁၂)နာရီ အချိန်က ကျင်းပပြုလုပ်သည်။
Jun 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပညာ အင်ဂျင်စက်ပြင်သင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 20,2023
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်များအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jun 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးသည့် မိုးနှမ်း သီးနှံများကို တောင်သူများ၏ ယာမြေများတွင် မေလလယ်ခန့်မှ စတင်စိုက်ပျိုးထားရှိရာ ယခုအခါမိုးနှမ်းများအပင်အား‌အောင်းပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။