အမြို့မြို့အနယ်နယ်သတင်းများ

Jun 22,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ဇွန်(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယမန်နေ့နံနက်ပိုင်းကကျောက်ဖြူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ‌ကျောင်း သား/ကျောင်းသူများအား အဆိုပါသတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးသည်။
Jun 22,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မှီခိုသူ မိသားစုဝင်များအား Biometric ကောက်ယူရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါ​ ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Jun 22,2023
ဇွန်လ ၂၁ ရက်နေ့ “နိုင်ငံတကာယောဂနေ့” အထိမ်းအမှတ်အဖြစ် ယောဂစုပေါင်းလေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၆ နာရီအချိန်က လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အတက်ရောဂါ စီမံချက်အကြောင်း အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေ စေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။
Jun 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသခံပြည်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားပြီး စနစ်တကျ ကာကွယ်ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့နယ် ရေရင်ကျေးရွာသို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ထင်းလောင်စာ လျှော့ချနိုင်ရေးအတွက် ဒေသခံပြည်သူများကို စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jun 22,2023
စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်​​မြတ်​မြတ်မိုးသည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့နယ်ရှိ  စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဒေါ်စီစီဆိုင်မှ စျေးကားဖြင့်လှည့်လည်၍ အမှတ် (၆)ရပ်ကွက်၊ ရွှေသူဌေးကုန်းရပ်တွင် စားအုန်းဆီရောင်းချ​နေမှုအား ကွင်းဆင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။