တံတားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေ ၄ နာရီက ပြုလုပ် ဆောင်ရွက်ခဲ့သည်။