ကျွန်းလှမြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ဒီဇင်ဘာ ၄ ရက် နံနက် ၈ နာရီက “ ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး လူစည်ကားသောနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။