တန့်ယန်းမြို့နယ်တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ စတင်ဖြေဆို

တန့်ယန်း ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၏ ရှမ်းပြည်နယ်လုံးဆိုင်ရာ(၃၁)ကြိမ်မြောက် ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ ပထမနေ့ ဝိနည်းဘာသာကို ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁ နာရီမှ စတင်၍ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပဖြေဆိုကြသည်။

အဆိုပါ စာမေးပွဲကြီးအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက် ဆရာတော်  သာသနဓဇဓမ္မာစရိယ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောလိယ၊ ကံဝိန်း ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိနှင့် ဆရာတော်ကြီးများဦးဆောင်၍ကျင်းပပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ သံဃာအပါး (၈၃၃)ပါးနှင့် လူပုဂ္ဂိုလ် (၇၀)ဦးတို့ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)