အ-ထ-က (နမ့်စန်) တွင် ကျောင်းသားကျောင်းသူများကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) တွင် ဆောင်ရွက်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ဟောင်ဟင်-နမ့်ကုန်း-အင်ပါကူလမ်းနှင့် အိုက်လုံ-အိုက်ငို့လမ်း ဘေးတို့တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ ဆီထွက်သီးနှံ မြေပဲ ၁၃၀၄ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲကို ၂၀၉၀၀ ဧက လျာထားစိုက်ပျိုးပြီး၊ ယနေ့ထိ ၁၃၀၄ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ ငလျင်ဘေးကြောင့် ထိခိုက်ခံရသည့် တစ်စိတ်တစ်ပိုင်းပျက်နှင့် ပြိုပျက် အိမ်များ ထောက်ပံ့နိုင်ရေး မြန်မာနိုင်ငံကြက်ခြေနီမှ စာရင်းများပြုစုဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများအတွင်း မတ်လ ၂၈ ရက် မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံရသည့် တစ်စိတ်တစ်ပိုင်းပျက်နှင့် ပြိုပျက် အိမ်များ ထောက်ပံ့နိုင်ရေး မြန်မာနိုင်ငံကြက်ခြေနီဗဟိုနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်၍ စာရင်းများပြုစုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက်၊ မြို့လယ်ဝေပုလ္လစာသင်တိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေစပါး စံကွက်ရတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၅၂)၊ ဦးပိုင်အမှတ်(၂၈/၁) တောင်သူ ဦးကျော်ဝင်းဌေး၏ စပါးမျိုးကွဲ (ရတနာတိုး) စိုက်ကွက်ကောင်း ကိုယ်စားပြု လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က မိုင်းခတ်မြို့၊‌ မြို့နယ်ပညာ‌ရေးမှူးရုံးရှိ စာဖတ်ပရိသတ်များထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင်(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင်ကျရောက်မည့်  (၁၀၃)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ဦးစီးဌာနဝန်ထမ်းများနှင့် အသင်းစုဝန်ထမ်းများအား ဆန်နှင့်ဆီများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကန့်ဘလူမြို့၌ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စိုက်ပျိုရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to