ထီးချိုင့်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေနံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းရှိ သခင်မြမောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

လဲချားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သောယူရီးယား(ပုလဲ)ဓာတ်မြေသြဇာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ယူရီးယား(ပုလဲ)ဓာတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့​ပါသည်။

ငဖဲမြို့နယ် ထန်းကိုင်းကျေးရွာတွင် နဂါးမောက်ပင်များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာအုပ်စု ထန်းကိုင်းကျေးရွာ၏မြောက် ဘက် ငဖဲ-စေတုတ္တရာကားလမ်းဘေးရှိ ကိုင်းမြေတွင် မြေအောက်ရေကို အသုံးပြု၍ နဂါးမောက်ပင်များကို စိုက်ပျိုးထားရာ အသီးများအောင်မြင်ဖြစ်ထွန်းပြီး အလုံးလှ၍ ရောင်းအားကောင်းကြောင်း နဂါးမောက်စိုက်ပျိုးရောင်းချသူ တောင်သူဦးမောင်ဝင်းထံမှ သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က မိုးနဲမြို့နယ်၏ မိုးစပါးပန်းတိုင်ထွက်နှုန်းရရှိရေး ထောက်ပံ့သည့် ဓာတ်မြေဩဇာများ‌ တောင်သူများလက်ဝယ်အရောက် ပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် မိုးနဲမြို့နယ်၏ မိုးစပါးပန်းတိုင်ထွက်နှုန်းရရှိရေး ယူရီးယားဓာတ်မြေဩဇာများ တောင်သူများထံသို့ ဆက်လက်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to