လဲချားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သောယူရီးယား(ပုလဲ)ဓာတ်မြေသြဇာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

လဲချား သြဂုတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ယူရီးယား(ပုလဲ)ဓာတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့​ပါသည်။

ရှေးဦးစွား မြို့စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုင်းသန်းစိန်မှ တောင်သူများအား ယူရီးယား(ပုလဲ)ဓါတ်မြေသြဇာ ဖြန့်ဖြူးပေးရခြင်းကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုင်းသန်းစိန်တို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ယူရီးယား(ပုလဲ)ဓာတ်မြေသြဇာများကို  မြို့မကျေးရွာအုပ်စုမှ တောင်သူများအတွက် (၃၅၄)အိတ်ကို တောင်သူများလက်ဝယ်အရောက် စနစ်တကျ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

လဲချား( မြို့နယ်၊ ပြန်/ဆက်)