မိုးနဲ ဩဂုတ် ၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် မိုးနဲမြို့နယ်၏ မိုးစပါးပန်းတိုင်ထွက်နှုန်းရရှိရေး ယူရီးယားဓာတ်မြေဩဇာများ တောင်သူများထံသို့ ဆက်လက်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မော်ဦးက ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ဓာတ်မြေဩဇာများ နည်းစနစ်မှန်ကန်စွာနှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်တာဝန်ခံ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိများက မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ မျိုးစေ့ထုတ် ၁၀ ဧက ၊မိုးစပါးစံပြစိုက်ကွက် ၃၀ ဧက နှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဧက ၉၀ စုစုပေါင်း ၁၃၇ ဧကအတွက် တစ်ဧက တစ်အိတ်နှုန်းဖြင့် တောင်သူ ၉၀ ဦးအား စုစုပေါင်း ဓာတ်မြေဩဇာအိတ် ၁၃၇ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူ နည်းပညာပေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ဝိုးတောင်း