ထီးချိုင့်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

 

ထီးချိုင့် ဩဂုတ် ၁၁

ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေနံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းရှိ သခင်မြမောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က လူငယ်များအား စာဖတ်ရှိန်မြင့်တင်ရေးနှင့် ဗလငါးတန်နှင့် ပြည်စုံသော လူငယ်များဖြစ်စေရေးအတွက် စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိ‌‌စေရန်၊ နှုတ်မှု့စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ Grade (11)မှ မဆုနဒီက လူငယ်နှင့်စာဖတ်ခြင်း၊ Grade (10)မှ မောင်ဝန်းရံခက လူငယ်နှင့်အားကစား၊ Grade (10)မှ မခင်ငြိမ်းခန့်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (10)မှ မောင်ဖြိုးခန့်ထွန်းက လူငယ်နှင့်မူးယစ်ဆေး‌ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေး‌နွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရပါသည်။          

ရဲလင်းထွန်း(ထီးချိုင့်)