အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံမြေ (၇.၂၅) ဧကအား ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးထံ ပြန်လည်ပေးအပ်သည့်အခမ်းအနားကျင်းပ

ပုသိမ် ဩဂုတ် ၂၅

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နိုင်ငံတော်သို့စွန့်လွှတ်အပ်နှံမြေ(၇.၂၅)ဧကအား ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ထံ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်းရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ်ကျော်စိုးလွင်က အမှာစကားပြောကြားပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးမှ စွန့်လွှတ်အပ်နှံမြေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ စွန့်လွှတ်အပ်နှံမြေ(၇.၂၅)ဧကနှင့်ပတ်သက်သည့် စာရွက်စာတမ်း အထောက် အထားများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို(ကော်လိတ္တော်အရာရှိ)ထံ ပြန်လည်ပေးအပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက စွန့်လွှတ်အပ်နှံမြေ (၇.၂၅) ဧကနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအားလွှဲပြောင်းလက်ခံ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြင့်ဟန် (ပြန်/ဆက်)