ဗိုလ်တထောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာ‌‌စောင်ပြပွဲ၊ စာအုပ်ပြပွဲများကျင်းပ

ဗိုလ်တထောင် ဇွန် ၂၄

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့နံနက် (၉) နာရီက ဗိုလ်တထောင်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်မှုများ၊ မူးယစ်‌ဆေးဝါးပြဿနာများ၊ ရှောင်ရန်၊ ဆောင်ရန်များ၊ ဝိုင်း၀န်းကာကွယ် တိုက်ဖျက်ရန်များကို အသိပညာပေး‌ ဆွေးနွေးဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ခင်ဝင်း(ပြန် /ဆက်)