မရမ်းကုန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၄/၂၀၂၄) သင်တန်းဆင်း အခမ်းအနားကျင်းပ

မရမ်းကုန်း ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၄/၂၀၂၄)သင်တန်းဆင်းပွဲကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မရမ်းကုန်းခရိုင်ကြက်ခြေနီ‌ကြီးကြပ်မှုကော်မတီဝင် ဦး‌ကျော်ကျော်ဝင်းက သင်တန်းဆင်းအမှာစကားမှာကြားကာ သင်တန်းဆိုင်ရာအချက်အလက်များအား ခရိုင်တပ်ဖွဲ့မှူး(တာဝန်)ဦးမောင်မောင်မြင့်က ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့အား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မရမ်းကုန်းခရိုင်ကြီးကြပ်မှုကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ခရိုင်တပ်ဖွဲ့မှူး(တာဝန်) ဦးမောင်မောင်မြင့်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အသင်းခွဲဥက္ကဋ္ဌဦးမြင့်အောင်နှင့် အသင်းအမှုဆောင်များ၊ သင်တန်းသား(၁၅)ဦး၊ သင်တန်းသား (၂၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ယဉ်မော် (ပြန်/ဆက်)