ငါန်းဇွန်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်များအားသတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရောင်းချလျက်ရှိသော  ရွှေဆိုင်များအား နိုင်ငံတော်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အဖိုးတန်သတ္ထုရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးသည်။

စစ်ကိုင်းမြို့ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို မတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဒီဇယ်စက်ခေါင်းစက်ရုံရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့်အစိုးရအဖွဲ့ဝင်များ တက်ရောက်သည်။

စလင်းမြို့နယ်တွင် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကွန်ပျူတာအခြေခံသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေနံနက် ၉ နာရီ ၃၀ မိနစ်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အလုံမြို့နယ်၌ “(၄၀ )ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား” ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်း ပရိယတ္တိစာသင်တိုက်၊ ပညာသီရိဓမ္မဗိမာန်တော်၌ မတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက “(၄၀) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား” ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်၌ တရားမဝင်မော်တော်ဆိုင်ကယ်များ ရောင်းဝယ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၌ တရားမဝင် အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် ယမန်နေ့ ညနေ ၅ နာရီက အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာသဒ္ဒါကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍  အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက် (၈)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to