လဲချားမြို့နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်​များ စိုက်ပျိုးထားရှိရန် Treeguardများ ကာရံခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး " ဥတုရာသီ တောကိုမှီ "ဆိုသည့်အတိုင်း ရာသီဥတုဖောက်ပြန်မှု၊ ရေမြေတောတောင်များပျက်စီးမှုအန္တရာယ်တို့ကို ကြိုတင်ကာကွယ်ရန် နှင့် ရာသီဥတုမျှတကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးပင်များကို စိုက်ပျိုးရန်အတွက် Treeguard များ ကာရံခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ‌ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနရုံးတွင် ယနေ့မွန်းတည့်ချိန် ၁၂ နာရီတွင် တောင်သူများထံ ပေးအပ်ကြောင်း သိရသည်။

ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)၌ "ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း "အသိပညာပေး Talk Show ပြုလုပ်

ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)၌ "ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း "အသိပညာပေး Talk Show ပြုလုပ် ချောင်းသာ ဇူလိုင် ၁၇ ကျော်ကျော်(ပြန်/ဆက်)

ဟိုင်းကြီးကျွန်းမြို့၌ ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်းမြို့၌ ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ဟိုင်းကြီးကျွန်း ဇူလိုင် ၁၇ လှိုင်မျိုးအောင် ဟိုင်းကြီးကျွန်း (ပြန်/ဆက်)

ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ သစ်တောသစ်ပင်စိုက်ပျိုး ထိန်းသိမ်းခြင်း အသိပညာပေး (Talk Show)ပြုလုပ်

ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ သစ်တောသစ်ပင်စိုက်ပျိုး ထိန်းသိမ်းခြင်း အသိပညာပေး (Talk Show)ပြုလုပ် ဖျာပုံ ဇူလိုင် ၁၇ အောင်ဝင်းနိုင် ဖျာပုံခရိုင်(ပြန်/ဆက်)

ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်တွင် စာဖတ်ရှိန်မြင့်မားရေး ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူ ဖတ်ရှုနိုင်စေရန်၊ ဗဟုသုတ ပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု ရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီက  ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ သွားရောက်ပြီး စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး‌ ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက  ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to