ရတနာပုံတက္ကသိုလ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၌ ကျရောက်မည့် (၇၇) နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာ ခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တိုက်ကြီးမြို့နယ် အဖျောက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် ဧရာ၀တီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၅ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သိကောင်းစရာအသိ ပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါမြို့နယ်ရှိ (က)ရပ်ကွက်၊ အ.လ.က(၂၁)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဥာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဥာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁) နာရီတွင်ကျင်းပသည်။

ကြံခင်း - ဆိပ်သာ လမ်းတာပေါ်သို့ ‌မြစ်ရေတက်မှုအား သဲအိတ်ချခြင်းနှင့် လမ်းအမှတ်အသားများစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ၊ ထန်းတပင်အုပ်စု၊ ရွှေကျွန်းတောရွာ၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကြံခင်း - ဆိပ်သာ - အကောက်တောင်လမ်းမိုင် (၁၂/၀ - ၁၂/၁) လမ်းတာပေါ်သို့ ‌မြစ်ရေ(၃ လက်မခန့်)မြင့်တက်လာမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက သဲအိတ်ချခြင်းနှင့် ဖြူ/နီ လမ်းအမှတ် အသားများ စိုက်ထူလျက်ရှိသည်။

ကျိုက်မရောမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အေးချမ်းစွာထုတ်ပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့်တောင်သူများ လျာထားချက်ပြည့်မီစွာ မိုးစပါးစိုက်ပျိူးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ အတိုးနှူန်းသက်သာစွာဖြင့် စိုက်ပျိုးစရိတ်ချေးငွေများအား အေးချမ်းစွာ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to