ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် ဂွေးပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်းထုတ်ချေးခြင်းကို ဇူလိုင် ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ဂွေးပင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။

မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူများအား ဆန်တစ်ပြည် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူ ပြည်သူများအား အရည်အသွေးကောင်းမွန်သော ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဓမ္မာရုံတွင် ရောင်းချပေးလျက်ရှိသည်။

ပခုက္ကူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက် ၉ နာရီအချိန်က ဝမ်းပျက်ဝမ်းလျှော‌ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ဟောပြောခဲ့သည်။

မောက်မယ်မြို့နယ်တွင် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲ၌ရေသွင်းစိုက်ပျိုးထားသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ဆင်းရတနာ−၁၄ နွေနှမ်းများ အသီးရင့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းနေပြီဖြစ်ကာ မိုးဦးကောင်းမွန်သောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းပြီး မိုးစပါးစိုက်ပျိုးချိန်အမီ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

မောက်မယ်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေပုံမှန်ထုတ်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ပင်စင်လစာငွေများစနစ်တကျပုံမှန်ထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းဆိုင်ရာ တောင်သူအသိပညာပေးသရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “မွေးမြူရေးလုပ်ငန်းဆိုင်ရာ တောင်သူ သရုပ်ပြပွဲ”ကို လွယ်လုံကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to