ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင်  မီးဘေးကြိုတင်ကာကွယ်‌ရေး လက်တွေ့သရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ည‌နေပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး သုံးပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးသုံးပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကို မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

စုံနံပါတ်အက္ခရာ/မနံပါတ်အက္ခရာမော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် ဆီဆိုင်များတွင် ဆီရောင်းချမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေး

အလုံခရိုင်၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ max ဆီဆိုင်တွင် ယနေ့မွန်းလွဲပိုင်းက စုံနံပါတ်အက္ခရာ/မနံပါတ်အက္ခရာမော်တော်ယာဉ်များအား သတ်မှတ်ရက် အလိုက်ဆီဆိုင်များတွင် ဆီရောင်းချမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။

မူဆယ်မြို့တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ မွန်းလွဲ ၂ နာရီအချိန်က သင်တန်းတက်ရောက်နေသည့် သင်တန်းသား / သင်တန်းသူများထံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားနှင့် ပဒေသာကပွဲကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားနှင့် ပဒေသာကပွဲအခမ်းအနားကို မတ် ၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးဟောပြောပွဲ ပုံပြော၊ ကဗျာရွတ်၊ ဥာဏ်စမ်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ရွှေပြည်သာမြို့နယ်၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဌာန (Community Centre) ခန်းမ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်‌ ဟောပြောပွဲ၊ ဉာဏ်စမ်း၊ ပုံပြင်‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်ပြပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပသည်။

ကြံခင်းမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား မတ် ၂၆ ရက်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် မြို့မစျေးကြီးအတွင်းရှိ ဈေးရောင်း / ဈေးဝယ်ပြည်သူများ၊ လူနေရပ်ကွက်နေပြည်သူများ၊ ဆိုဒ်ကားဂိတ်များ၊ အဝေးပြေးယဉ်လိုင်းများနှင့် မြန်မာစီးပွားရေးဘဏ်တို့ကိုသွားရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိသည့် ဆရာတော်များအား ဖူးမြော်ကြည်ညို

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို ဆုတောင်းပြည့်မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန် တော်ကြီးတွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ဘာသာရပ်အလိုက် ဆက်လက်ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့၀င်များ တာ၀န်ရှိသူများနှင့်အတူ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိသည့် ဆရာတော်များအား ဖူးမြော်ကြည်ညိကြသည်။

တွံတေးမြို့ အစိုးရဓမ္မာစရိယစာမေးပွဲ စာဖြေဌာနတွင် ဓမ္မသင်္ဂဏီပါဠိ အဌကထာ (၁) ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့စာဖြေဌာနတွင် တွံတေးခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များ၏ ၁၃၈၇ ခုနှစ်၊ ၂၀၂၆ ခုနှစ် စာဖြေသံဃာတော်များ အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့ မွန်းတည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ရွှေဆံတော်ရပ်ကွက် စင်္ကြန်ကျောင်းတိုက်နှစ်ထပ်အဆောင်သစ်နှင့် ပဏ္ဍိတရာမသုံးထပ်ကျောင်းဆောင်သစ်တို့တွင် ကျင်းပလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားနှင့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် မလိခပန်းဥယျာဉ် ဖွင့်လှစ်

(၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ရေးပြကွင်း၌ ယနေ့နံနက် (၇)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ စစ်ရေးပြမှူးနှင့် စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့်ချီတက်၍ စစ်ရေးပြအစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြသည်။
Subscribe to