တောင်ကြီးမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စု‌ပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကို မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက စဝ်စံထွန်းဆေးရုံ၌ ကျင်းပကြောင်းသိရသည်။

ပေါင်မြို့နယ်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်ပေါင်မြို့နယ်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် “စုံ” ရက် “မ” ရက် ခွဲခြား၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်စေခြင်း ထုတ်ပြန်ကြေညာချက်အား ပြည်သူများမှ လိုက်နာဆောင်ရွက်နိုင်စေရန် ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် “စုံ” ရက် “မ” ရက် ခွဲခြား၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်စေခြင်း ထုတ်ပြန်ကြေညာချက်အား ပြည်သူများမှ လိုက်နာဆောင်ရွက်နိုင်စေရန် ကွင်းဆင်းစစ်ဆေးကို ယမန်နေ့မွန်းလွဲပိုင်းက တောင်သူ စုရပ်ကွက်၊ ပြည်သူ့‌ဈေးရှေ့လမ်းစုံ၌ ဆောင်ရွက်ခဲ့သည်။        

ရန်ကင်းမြို့နယ်တွင် အခြေခံကာတွန်း/ပန်းချီရေးဆွဲနည်းသင်တန်းနှင့် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် နွေရာသီ  ကျောင်းပိတ်ရက်တွင် ကျောင်သား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းပညာရပ်များတွင် အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ အခြေခံပန်းချီ/ကာတွန်းရုပ်ပုံရေးဆွဲနည်းသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို မတ်လ ၂၇ ရက်နေ့ နေ့လယ် ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့သည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ဦး‌မြင့်မောင်မောင်မှ စာအုပ်၊စာစောင်များ လာရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်ရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက်များအတွက် စာရေးဆရာ ဦးမြင့်မောင်မောင်က စာအုပ်အမျိုးအစားပေါင်း ၅၃ မျိုးအား  ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ လာရောက်လှူဒါန်းခဲ့သည်။

မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းတို့ကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၇) သင်တန်းဆင်းပွဲကျင်းပ

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၁၇)၏ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ စစ်ရေးပြကွင်းတွင် မတ်လ ၂၆ ရက်နေ့ နံနက် ၇ နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေး

‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော် မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်သုံးဆီ အရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲ ဓမ္မသင်္ဂဏီပါဠိ အဌကထာ(ပထမနေ့) ဖြေဆိုနေမှုများအား သွားရောက်ဖူးမြော်ကြည်ညို

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နေ့လယ်ပိုင်းက ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိအဌကထာ(ပထမနေ့) ဖြေဆိုနေမှုများအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ရေကြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေး

ယခုအခါ‌နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စာသင် ကျောင်းများ၊ စက်ရုံအလုပ်ရုံများနှင့်လူနေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များစုပေါင်း၍ ယ‌မန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
Subscribe to