(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီက ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ရွှေဟင်္သာ ကျောင်းတိုက်တွင် နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာ ပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သာသနာရေးမှူးရုံးမှ ဝန်ထမ်းများ၊ အလှူရှင်များ တက်‌ရောက်ကြသည်။

ပေါက်ခေါင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေရရှိ

ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပျားထိုးကျွန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ ဆန္ဒပြုမဲပေးနိုင်ရေး မဲရုံ‌နေရာများအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ပေါင်းတည်မြို့နယ်ရှိ မဲရုံနေရာများ ခြေအနေအား တာဝန်ရှိသူများ ယနေ့ နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

မိုင်းယောင်းမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

သနပ်ပင်မြို့တွင် ပါတီစုံရွေးကောက်ပွဲဆိုင်ရာအသိပညာပေး "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့် အသိပညာပေးလက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်း၌ မြို့နယ်ပြည်သူအားကစားကွင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ မဲရုံလုပ်ငန်းများဆိုင်ရာ ကြိုတင်စီမံခန့်ခွဲ‌ရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ပေါင်းတည်မြို့နယ်၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

မြစ်သားမြို့နယ်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် U-16 ဂိုးလတ်ဘောလုံးပြိုင်ပွဲကို အုပ်စု (က) နှင့်အုပ်စု (ခ) တို့ဖွဲ့စည်း၍ ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားဝန်းအတွင်း ဘောလုံးကွင်း၌ ဒီဇင်ဘာ ၂၈ ရက်ညနေ ၃ နာရီက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ကျောက်ဆည်မြို့၌ ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၀၁၁ ဦးရှိပြီး စိတ်အားထက်သန်စွာ ဆန္ဒမဲပေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အောင်လံမြို့နယ်တွင် မိုးစပါး(ဆာဖိုးသာ)ရိုတ်သိမ်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသင်းအချင်းချင်းပံ့ပိုးငွေ၊ သက်တန့်ရောင်စီမံကိန်းရန်ပုံငွေတို့ဖြင့် စီမံကိန်းသီးနှံများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် နံဇူပင်ကျေးရွာ၊ နံဇူပင်စိုက်/ထွေသမဝါယမအသင်းမှ အသင်းသား ဦးခင်မောင်ဝင်း၏ လယ်၃.၅ ဧကတွင် မိုးစပါး(ဆာဖိုးသာ) ရိတ်သိမ်းပြီးစီးမှု၊ ပန်းတိုင်အထွက်နှုန်းရရှိမှု ရှိ/မရှိတို့အား မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်း၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြမြလွင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Subscribe to