သဲကုန်း မတ် ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်အစိုးရပါဠိပထမပြန်စာမေးပွဲကို ကျင်းပဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ် (၁၂) နာရီအချိန်က ရပ်ကွက် (၁)၊ ဘုရားကြီးလမ်းရှိ၊ သာရမဥ္ဇူသာမိုးကောင်း ဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအား သဲကုန်းမြို့နယ်စာစစ်ဌာနတွင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ရဟန်း၊ ရှင်သာမဏေ၊ သီလရှင် ပထမကြီးတန်းတွင် (၁၀) ပါး၊ ပထမလတ်တန်းတွင် (၈)ပါး၊ ပထမငယ်တန်းတွင် (၁၆) ပါး၊ အခြေပြုမူလတန်းတွင် (၃၈) ပါး၊ စုစုပေါင်း (၇၂) ပါး ကြွရောက်ဖြေဆိုလျက်ရှိရာ စာမေးပွဲဖြေဆိုနေမှုများအား ဩဝါဒစရိယဆရာတော်များနှင့် တာဝန်ရှိသူများမှကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၉) ရက်မှ ဧပြီလ (၄) ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာမေးပွဲများကို နေ့ရက်အလိုက်ဘာသာရပ်စာမေးပွဲများ ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)