ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်ပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်ပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ မြို့နယ်ပြည်သူ့ဆေးရုံခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ မိခင်နှင့် ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။