ကရသူရိမြို့၌ ကွမ်းသီးပျိုးပင်ဈေးကောင်းရ၍ ပျိုးထောင်သူများ ဝင်ငွေကောင်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ‌ဒေသခံပြည်သူများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရော်ဘာ၊ ကွမ်းသီး၊ ဆီအုန်းကို အဓိက စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ကွမ်းသီးဂျယ်ဈေးကောင်းရသဖြင့် ကွမ်းစိုက်တောင်သူ များပြားကာ ပျိုးထောင်ထားသူများ ဈေးကောင်းရ၍ ဝင်ငွေကောင်းနေကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင်အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်များအား ပြည်သူများသို့ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန်များအား ပြည်သူများသို့ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အတွင်းရှိ ဆိုင်အရောင်းဆိုင်များ၌ ယနေ့နံနက် (၇) နာရီမှ စတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြန်မာစကားပုံအမေးအဖြေပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ မြန်မာစကားပုံများနှင့် ရင်းနှီးထိတွေ့မှုရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် မြန်မာစကားပုံအမေးအဖြေပြိုင်ပွဲကို ဩဂုတ်လ ၁၀ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငဝန်မြစ်ရေကြီးနစ်မြုပ်ကာ မိုးသက်လေပြင်းတိုက်ခတ် ရေကြီးလှိုင်းပုတ်ခတ်မှု ဒဏ်တို့ကြောင့် နေအိမ် (၆) လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရှောပြာကုန်း ကျေးရွာအုပ်စု၊မဲဇလီကွင်းပေါက် ကျေးရွာအုပ်စု၊ကမ္ဘဲ့ညောင်ကုန်း ကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာအုပ်စု၊ မကျည်းကုန်း ကျေးရွာအုပ်စု၊ ကျားရဲ ကျေးရွာအုပ်စုများရှိ (ကျားကျွန်းကျေးရွာ၊ အနောက်စုကျေးရွာ၊ စက်ဒေါင်ကြီး ကျေးရွာ၊ ကန့်လန့်ကျေးရွာ၊ ရေကျော်လေးကျေးရွာ၊ ကျောတန်းကြီးကျေးရွာတို့တွင် (ဩဂုတ်လ ၂/၄/၆/၇) ရက်နေ့များ၌ဖြစ်ပွားခဲ့သော ငဝန်မြစ်ရေကြီးနစ်မြုပ်ကာ မိုးသက်လေပြင်းတိုက်ခတ် ရေကြီးလှိုင်းပုတ်ခတ်မှု ဒဏ်တို့ကြောင့် ပြိုကျပျက်စီးနေအိမ် (၆) လုံးပြိုကျပျက်စီးခဲ့ရသည့် မိသားစုများအား ဩဂုတ်လ ၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်သည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းကို ဩဂုတ်လ ၁ဝ ရက်နေ့က ပြသဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မိုးစပါး မျိုးစေ့ထုတ်နှစ်ဧက လက်တွေ့ကွင်းသရုပ်ပြစိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းနှစ်ဧက လက်တွေ့ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က နမ့်မော်ဆွမ့်အုပ်စု၊ ကတ်နောက်ကျေးရွာ တောင်သူဦးလုံးပေါင်း၏ လယ်မြေတွင် ဆောင်ရွက်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်ဥယျာဉ်ကျေးရွာ၌ ​မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

မန္တ​လေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာ‌ရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွား မွေးမြူရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တောမကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းတွင်း အားကစားလှုပ်ရှားမှု ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် Book  Club လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
Subscribe to