မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြန်မာစကားပုံအမေးအဖြေပြိုင်ပွဲ ကျင်းပ

မြို့သစ် ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ မြန်မာစကားပုံများနှင့် ရင်းနှီးထိတွေ့မှုရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် မြန်မာစကားပုံအမေးအဖြေပြိုင်ပွဲကို ဩဂုတ်လ ၁၀ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြန်မာစကားပုံအမေးအဖြေပြိုင်ပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်( Grade -5) ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်နှင့် ဆရာ/ဆရာမများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)