ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ပိုင်ကျုံ  ဩဂုတ် ၁၂

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းကို ဩဂုတ်လ ၁ဝ ရက်နေ့က ပြသဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ခူးခူက လူငယ်များသိသင့်သိထိုက်သည့် မူးယစ်ဆေးဝါးအန္တရာယ်၏ဆိုးကျိုးများနှင့် အရက်သောက်ခြင်းနောက်ဆက်တွဲဆိုးကျိုးများ စသောအချက်များကို ဆွေးနွေးပြောကြားပြီး ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးစာစောင်တို့ကို ကျောင်းသားလူငယ်များတို့မှ စိတ်ပါ‌ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များနှင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲများနှင့် အသိပညာပေး(Talk Show) ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

နော်ခူး(ပြန်/ဆက်)