ဘိုကလေးမြို့နယ်တွင် စက်သုံးဆီများ စနစ်တကျဝယ်ယူနိုင်ရေး ကြပ်မတ်ဆောင်ရွက်

ဘိုကလေး မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ စက်သုံးဆီဆိုင်များအနေဖြင့် မော်တော်ယာဉ်များ အဆင်ပြေစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ စက်သုံးဆီများ ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ စက်သုံးဆီဝယ်ယူကြသူများ အနေဖြင့် စနစ်တကျ ဝယ်ယူစေရေး၊ ဆီတန်းစီဝယ်ယူမှုကြောင့် လမ်းပိတ်ဆို့ခြင်း၊ သတ်မှတ်ချက်များနှင့် မလျော်ညီစွာ ဝယ်ယူခြင်းစသော မလိုလားအပ်သည့် အခြေအနေများ မဖြစ်ပွားစေရေးအတွက် မတ် ၃၀ ရက်နေ့နံနက်(၉)နာရီအချိန်မှ စတင်၍ စက်သုံးဆီဆိုင်များသို့ လှည့်လည်၍ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။

ကြပ်မတ်ဆောင်ရွက်ရာတွင် မြို့နယ်စက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ ဘိုကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခြင်းဖြစ်ပြီး စနစ်တကျ ဆီတန်းစီဝယ်ယူစေရေး၊ ယာဉ်ကြောနှင့် လမ်းပတ်ဆို့မှုမရှိစေရေး၊ စုံ၊ မရက်အလိုက် သတ်မှတ်ချက်များနှင့်အညီ ဆီဝယ်ယူနိုင်ရေး စသောကြီးကြပ်မှုလုပ်ငန်းစဉ်များအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)