ဘိုကလေး မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ပါဠိပထမပြန် စာမေးပွဲအား မတ်လ(၂၉)ရက်နေ့မှ စတင်၍ နေ့စဉ် မွန်းတည့် (၁၂)နာရီမှ နေ့လယ် (၃)နာရီအထိ ကျင်းပ လျက်ရှိပြီး မတ် ၃၀ ရက်နေ့ ဒုတိယနေ့ စာမေးပွဲအဖြစ် ကစ္စည်းသဒ္ဒါကြီး ဘသာအား ဖြေဆိုကြသည်။
အဆိုပါ စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဘိုကလေးမြို့နယ်မှ ဦးဆောင်ဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်သာသနာရေးမှူး ဦးမျိုးဇာနည်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ကြပြီး စာမေးပွဲသို့ မြို့နယ်တွင်းရှိ သံဃာကျောင်းတိုက်များမှ ရဟန်းနှင့် ရှင်သာမဏေ ပထမကြီးတန်း (၄)ပါး၊ ပထမလတ်တန်း (၄)ပါး၊ ပထမငယ်တန်း (၄၀)ပါး၊ အခြေပြုမူလတန်း (၄၃)ပါး၊ စုစုပေါင်း (၉၁)ပါးဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲအား ဧပြီလ(၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)