ဖြူး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၄ခုနှစ်သန်းခေါင် စာရင်းကောက်ယူနိုင်ရေး သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်/ စာရင်းကောက်များ သင်တန်းပေးနိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက်များအား သင်တန်းပေးနိုင်ရေးဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကောက်ယူမည့်နည်းစနစ်များကို ရှင်းလင်းပြောကြားသည်။
၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းကို အောက်တို ဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ပြီး ဖြူးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမများအနေဖြင့် စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ရာ အဆိုပါသင်တန်းကို စက်တင်ဘာလ(၁၇)ရက်နေ့မှ (၂၉) ရက်နေ့ထိ တောင်ငူခရိုင်တွင် သင်တန်းတက်ရောက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက် (၉)ဦးမှ ပြန်လည်ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား/သင်တန်းသူများ၏ စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးအတွက် စီစဥ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)