အိမ်မဲ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဝါးတလုတ်ကျေးရွာအုပ်စု၊ အောက်ချင်း ကျေးရွာတွင် မြို့နယ်နှင့်ထိစပ်နေသော ပြာမလော့မြစ် မြစ်ရေမြင့်တက်မှုကြောင့် ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင် ပြိုကြခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အိမ်မဲမြို့နယ်နှင့် ထိစပ်နေသော ပြာမလော့မြစ် မြစ်ရေမြင့်တက်မှုကြောင့် ဝါးတလုတ် ကျေးရွာအုပ်စု၊ အောက်ချင်းကျေးရွာ (ခန့်မှန်း မြေပုံညွှန်း GP – 254356) ၌ တိုင်းဒေသကြီးရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ခဲ့သော ပေ (၅၀၀)ခန့်အနက် အလျားပေ (၅၀)၊ အနံ (၁၅)ပေခန့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ်းထိန်းနံရံပြိုကျမှုဖြစ်စဥ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် မြေပြိုကျမှု ဆက်လက်မဖြစ်ပွားစေရေး ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)