ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ငါးသယံဇာတများရေရှည် တည်တံ့ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင် ရေးတို့ကိုရည်ရွယ်၍ သဘာဝမြစ်ချောင်း၊ အင်းအိုင်ဆည်တမံများအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ခလောက်ထောင်ကျေးရွာအုပ်စု၊ ခလောက်ထောင် ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ဓနုဖြူမြို့နယ်တွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန် ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိ

ပျော်ဘွယ်မြို့နယ်တွင် စက်တင်ဘာလ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများရှိ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အချို့ရုံးများသို့ ရေဝင်ရောက်ခြင်း၊ လမ်းမများပေါ်၌ သစ်ပင်များလဲပြိုခြင်းတို့ဖြစ်ပေါ်ခဲ့ရသည်။

ပန်းတနော်မြို့နယ် မင်းတစုကျေးရွာရှိ သမိုင်း၀င်ကျိုက္ခနိမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မင်းတစုကျေးရွာရှိ သမိုင်းဝင်ကျိုက္ခနိမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၆ ခုနှစ် တော်သလင်းလဆန်း ၁ ရက်နေ့မှ တော်သလင်းလပြည့်နေ့အထိ  ၁၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက ပိတ်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့်စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ​မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာတွင် အစာအဆိပ်သင့်ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၁။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးလက်ကျန်းမာရေးဌာန အပိုင်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်တွင် (၁၈-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဇံကြော်၊ အချဉ်နှင့်ထမင်း၊ ကြက်ဥမန်ကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများက စားသုံးပြီးနောက် ည(၈:၀၀)နာရီခန့်တွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ်(၆၈)ဦး၊ အတွင်းလူနာအဖြစ်(၆၅)ဦး လာရောက်ကုသမှုခံယူခဲ့ပြီး ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ အထူးကုဆရာဝန်ကြီးများမှ အနီးကပ်ကြည့်ရှုကုသမှုပေးခဲ့ရာ လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။

ရေဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းကောက်၊ စာရင်းစစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ စာရင်းကောက်၊ စာရင်းစစ် သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့‌ကြောင်း သိရကြောင်း သိရသည်။

ရွှေဘိုခရိုင်ရုံး၌ မြန်မာနိုင်ငံစာ​ရေးဆရာများအသင်း အသင်းဝင်ကတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး​၊ ရွှေဘိုခရိုင်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံစာ​ရေးဆရာများအသင်း အသင်းဝင်ကတ်​ပေးအပ်ပွဲအခမ်းအနားကို ယ​မန်နေ့နံနက်ပိုင်းကကျင်းပရာ လက်ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်​အေးမြမွန်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်လိတ်ပါကော်စံပြ(အာခါ)ကျေးရွာ၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းကိုးကျေးရွာအုပ်စု၊​ မယ်လိတ်ပါကော်စံပြကျေးရွာ၊ ပညာရတနာမွန်စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ရေဆေးကြော သန့်ရှင်းခြင်း၊ နုန်းများဖယ်ရှားခြင်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ အောင်းကုန်းဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအတွင် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
Subscribe to