ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်း ငါးစားသုံးမှု ဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည် တည်တံ့ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရေးတို့ကိုရည်ရွယ်၍ သဘာဝမြစ်ချောင်း၊ အင်းအိုင်ဆည်တမံများအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ခလောက်ထောင်ကျေးရွာအုပ်စု၊ ခလောက်ထောင် ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ကျိုင်းတုံမြို့နယ်တွင် တောင်တရုတ်ပင်လယ်မှ ဝင်ရောက်လာသည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်လာနိုင်၍ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် တောင်တရုတ်ပင်လယ်မှ ဝင်ရောက်လာသည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများအတွင်း တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ လမ်း၊ တံတားများ အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခြင်းနှင့် ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် တပ်ကုန်းမြို့နယ်၊ အမှတ်(၂) ခရိုင်ချင်းဆက်လမ်းပေါ်ရှိ ညောင်ကိုင်း‌ချောင်း ဘေလီတံတား ပေ ၃၀၀ ပျက်စီးခဲ့မှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း သန်လျင်၌ ဖွင့်လှစ်

သန်လျင်ခရိုင် သန်လျင်မြို့နယ် သန်းခေါင်စာရင်းကော်မတီမှကြီးမှူးဖွင့်လှစ်သော ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၇ ရက် နံနက် (၉)နာရီတွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ဒေးဒရဲမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းမြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးမြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၈)နာရီက အမှတ်(၁)အခြေခံ ပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် ခန္တီး စက်တင်ဘာလ ၁၉ ကမ်းကီး(ပြန်/ဆက်)

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းအကြောင်း အသိပညာပေး Talk Show ကျင်းပ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းအကြောင်း အသိပညာပေး Talk Show ကျင်းပ သာပေါင်း စက်တင်ဘာ ၁၉ သာပေါင်း (ပြန်/ဆက်)

ပြင်ဦးလွင်မြို့နယ် ရွှေတောင်ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာ‌ ပေးဟောပြော‌ပွဲကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောဆွေးနွေးပွဲကို ယနေ့‌နံနက်(၉)နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေတောင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းထိန်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထန်းတပင်မြို့နယ်၌ စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Subscribe to